နှလုံးရောဂါဖြစ်ပွားစေနိုင်သောအလုပ်ဖိအားများ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

 

နှလုံးရောဂါသည် ယနေ့ကမ္ဘာတွင် သေဆုံးမှုများသောရော ဂါများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ် ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ အထူးသဖြင့်ကျန်း မာရေးနှင့်မညီညွှတ်သော နေ့စဉ်နေထိုင်မှုပုံစံကြောင့်ဖြစ်ပါတယ်။ အဆီများသောအစားအစာစားခြင်း၊ ပုံမှန်လေ့ကျင့်ခန်း မလုပ်ခြင်းကြောင့် အဝလွန်လာကာသွေးတွင်းကိုလက် စထရောကိုမြင့်တက်စေပါတယ်။

 

ထို့ပြင်အလုပ်ထဲတွင်စိတ် ဖိစီးမှုများခြင်းကလည်း နှလုံးရောဂါဖြစ်ပွားနှုန်းကို များစေနိုင်ပါတယ်။

အလုပ်တွင်ဖိစီးမှုများခြင်းသည် အလုပ်အလွန်အကျွံလုပ်ခြင်း၊ (သို့)အလုပ်ထဲတွင် ပြဿနာများကို ဖြေရှင်းရန်ခက်ခဲနေခြင်း စသည်တို့ကြောင့်ဖြစ်ပါတယ်။ အလုပ်တွင်စိတ်ဖိစီးမှုများ ခြင်းသည်နှလုံးကို ထိခိုက်စေပါတယ်။ လေ့လာမှုများအရ အလုပ်ဖိစီးမှုများသောလုပ်သားများသည် နှလုံးရောဂါကြောင့် သေဆုံးနှုန်း ၂ ဆပိုများပြီး လစာနှင့်ခံစားခွင့်နည်းသော လုပ်သားများတွင် ၂ ဒသမ ၄ ဆပိုများပါတယ်။

 

လေ့လာရေးအဖွဲ့သည် စိတ်ဖိစီးမှု၊ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်နှင့် ကိုယ်အလေးချိန်တို့နှင့် ပတ်သက်သော အချက်အလက်များ ရရှိရန်မေးခွန်းများ၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ အလုပ်ဖိစီးမှု များသောသူများသည် နှလုံးရောဂါဖြင့် သေဆုံးရန်လွယ်ကူကြောင်း တွေ့ရပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်ရန် ကိုယ်ခန္ဓာမှ ဟော်မုန်းများထုတ်ရပါတယ်။ ၄င်းဟော်မုန်းများသည် သွေးတိုးရောဂါကိုဖြစ်စေပြီး သွေး ကြောနံရံတွင် အဆီဖုံးစေကာ နှလုံးရောဂါကို ဖြစ်စေပါတယ်။

 

အလုပ်တွင်ဖိအားများခြင်းသည် သွေးတိုးရှိသူ(သို့) နှလုံးရောဂါရှိသူအတွက်တော့ မကောင်းပါဘူး။ လေ့လာသူများသည် နိုင်ငံ ၇ နိုင်ငံတွင် လေ့လာမှု၁၃ခုဖြင့် နှလုံးရောဂါမရှိသောလူ ပေါင်း ၂ သိန်းကို လေ့လာခဲ့ပါတယ်။ ယင်းတို့အနက် ၃၀၂၁၄ ယောက်သည် အလုပ်ဖိစီးမှုဒဏ်ကို ခံနေရပါတယ်။

 

လေ့လာသူများ၏ သုံးသပ်ချက်အရ အလုပ်သမားများ၏ ၃ ဒသမ ၄% သည် အလုပ်ဖိစီးမှုဒဏ်ကို ခံရမည့်အခြေအနေတွင်ရှိပြီး လူတိုင်းသည် အလုပ်တွင်စိတ်ဖိစီးမှုမရှိပါက နှလုံးရောဂါဖြစ်ပွားမှုအခြေအနေကို ၃ ဒသမ ၄%ကာကွယ်နိုင်မည်ဟု ဆိုထားပါတယ်။

 

စိတ်ဖိစီးမှုများကို လမ်းလျှောက်ခြင်း၊ စိတ်ပညာရှင်များနှင့် နှစ်သိမ့်ဆွေးနွေးခြင်းများဖြင့် ဖြေလျော့နိုင်ပါတယ်။

အလုပ်ရှိစိတ်ဖိစီးမှုနှင့် ဖိအားများသည် နှလုံးရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ သို့သော်လည်း ယင်းဖိအားများကို ရှောင်လွဲဖို့ရန်မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် စိတ်ဖိစီးမှုများကို ထိရောက်စွာ ကာကွယ်ဖို့ ခက်ခဲပါလိမ့်မည်။ ထိုအစားဆေး လိပ်သောက်သော အလေ့အထကိုပယ်ဖျက်ကာ ပုံမှန်လေ့ ကျင့်ခန်းပြုလုပ်ခြင်း၊ အရာရာတွင် အကောင်းမြင်စိတ်ရှိ အောင်ကြိုးစားခြင်းများ ပြုလုပ်လိုက်ပါ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_82_2.jpg