နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါနှင့် အထွေထွေ ရောဂါရှင်များအား အခမဲ့ ကုသပေး

မင်းတပ် ၁၀ ဖေဖော်ဝါရီ  

 

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မင်းတပ်ခရိုင် တောင်တန်း သာသနာပြု ဆရာတော်၊ တောင်ပုလုပရိယတ္တိနှင့် ပရိယတ္တိကျောင်းတို့ ပူးပေါင်း၍ ပြည်သူလူထုအား နှလုံးသွေးကြောရောဂါ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ကုသပေးခြင်း လုပ်ငန်းကို ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ချင်းပြည်နယ် မင်းတပ်မြို့၊ တောင်ပုလု ကျောင်းတိုက်တွင် အခမဲ့စစ်ဆေး ကုသပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်း ကုသရာသို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ နှလုံးသွေးကြော ရောဂါဌာနမှ ပါမောက္ခ ဒေါက်တာနွယ်နွယ်၊ နှလုံးရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ယဉ်နွယ်ထွန်း၊ ဒေါက်တာ သက်လယ်ဆွေအေး၊ ဒေါက်တာစိန်ခိုင်နှင့် ဒေါက်တာသိန်းတက်သိန်းတို့ ပါဝင်သော အဖွဲ့နှင့် မင်းတပ်ခရိုင် ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကျော်စွာလွင် ခေါင်းဆောင်သော ဆရာဝန်၊ ဆရာမများက ပြည်သူလူထု၏ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါနှင့် အထွေထွေရောဂါ စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ကြသည်။

 

ကွင်းဆင်း ကုသခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သွေးတိုး၊ ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ နှလုံး Echo ရိုက်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများ ထောက်ပံ့ကုသပေးခြင်းကို ဆောင်ရွက်ခဲ့ရာ လူနာ စုစုပေါင်း (၄၂၅) ဦးအား ကုသပေးခဲ့ကြောင်း သိရသည်။

 

MDN