နမ့်ဆန် ၉ စက်တင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်း သူနာပြုတပ်ဖွဲ့နှင့် ပညာရေးဌာနမှပူးပေါင်း၍ အထက်တန်းဆင့် ကျောင်းသား ကျောင်းသူများအား Myanmar Red Cross Society (အခြေခံ)  ရှေးဦးပြုစုခြင်း သင်တန်းကို ယမန်နေ့က အထက(၁)ကျောင်း၌ ဖွင့်လှစ်သည်။

 

1

 

သင်တန်းကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီအခြေခံမူ(၇)ချက်၊ ရှေးဦးပြုစုခြင်းဆိုင်ရာအခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ ဆေးထည့်ခြင်း နှင့် ပတ်တီးစည်းခြင်း၊ အရိုးအဆစ်၊ ဇက်ကြောနှင့်ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း စသည့် ရှေးဦးပြုစုခြင်းဆိုင်ရာ သင်ခန်းစာများတို့ကို (၃)ရက်တိတိ စာတွေ့လက်တွေ့ သင်ကြားပြသပို့ချသွား မည်ဖြစ်သည်။ 

 

2

 

အလားတူ(အခြေခံ)ရှေးဦးပြုစုခြင်း သင်တန်းကို အလက(၁) ထခွဲကျောင်း၊ အမေ့အိမ်ကိုယ်ပိုင်အကျောင်း၊ အထက(၂)ကျောင်းတို့တွင်လည်း သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့များထံမှသိရသည်။ 

ကိုအောင်မိုး (ရွှေဖီမြေ)

 

4