နမ့်ဆန်   ၂၇  နိုဝင်ဘာ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ မြို့နယ် ကြက်ခြေနီအသင်း သူနာပြုတပ်ဖွဲ့တို့က သူနာပြုဆရာ/ဆရာမများနှင့် ကျေးလက် ကျန်းမာရေး ဝန်ထမ်းများတို့အား Myanmar Red Cross Society (အခြေခံ)  ရှေးဦးပြုစုခြင်း အကြောင်း သိကောင်းစရာနှင့် မိုင်းအန္တရာယ် အကြောင်းသိကောင်းစရာများကို  ယနေ့နံနက်(၁၀) နာရီက အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဒုဉက္ကဌ ဦးအောင်မြင့်က Myanmar Red Cross Society ကြက်ခြေနီ အကြောင်းသိကောင်းစရာများကို ဟောပြောပြီး မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ခေါင်းဆောင် ဦးခင်မောင်နှင့် တပ်ဖွဲ့ဝင်တို့က (အခြေခံ)  ရှေးဦးပြုစုခြင်း ဆိုင်ရာ သိကောင်းစရာများ၊ ကြက်ခြေနီ အခြေခံမူ(၇)ချက်၊ ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံ သဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီး စည်းခြင်း၊ အရိုးအဆစ် ဇက်ကြောနှင့်ကြွက်သားများ ထိခိုက်ဒဏ်ရာ ရခြင်း စသည့် ရှေးဦးပြုစုခြင်း ဆိုင်ရာများနှင့် မြေမြုပ်မိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းနှင့် လူ့အသက်ကို အန္တရာယ်ဖြစ်စေသော စစ်ကျန် လက်နက် ပစ္စည်းများ အကြောင်း၊ မိမိတို့ပတ်ဝန်းကျင်တွင် မိုင်းဟုယူ ဆရသော ပစ္စည်းများ တွေ့ရှိပါက အန္တရာယ် မဖြစ်စေရန် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောသည်။

 

 ထို့နောက် တက်ရောက်လာသည့် သူနာပြုဆရာ/ ဆရာမများနှင့် ကျေးလက် ကျန်းမာရေး ဝန်ထမ်းများတို့က အခြေခံရှေးဦးပြုစုခြင်း ဆိုင်ရာများကို ဆွေးနွေးဖလှယ်ခဲ့ ကြကြောင်းသိရသည်။ 

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)