နမ့်ဆန် ၃ မတ်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ခရီးသည်များအား ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံရှေ့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့ ဝင်/ထွက်နေရာများတွင် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် အခြားသော မြို့နယ်များမှ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်များ၊ ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသည့် ခရီးသည်များတွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည်များပါရှိခြင်းရှိ မရှိ စစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာစက်ဖြင့် တိုင်းတာခြင်း၊ အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)


