နမ့်ဆန် ၁၅ မတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌  မျက်စိဝေဒနာရှင်များအား ချယ်ရီမေတ္တာဖောင်ဒေးရှင်းက နမ့်ဆန်မြို့နယ်ရှိ  မျက်စိဝေဒနာရှင် များကို (၃)ရက်တိတိ အခမဲ့ခွဲစိတ်ကုသပေးလျှက်ရှိကြောင်း သိရသည်။

 

နမ့်ဆန်မြို့ မဟာမြတ်မုနိဘုရားကုန်းတော်ပေါ်တွင် ရန်ကုန်မြို့မှ မျက်စိပါရဂူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် လာရောက်၍ မျက်စိ ဝေဒနာရှင်များကို မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးသည်အထိ စမ်းသပ်ခ၊ ခွဲစိတ်ခ၊ မျက်မှန်၊ ဆေးဝါး အစရှိသည်များကို အခမဲ့ ကုသပေး လျှက်ရှိကြောင်း လူနာများအတွက် စွမ်းသပ်ခန်း၊ မျက်မှန်စမ်းသပ်ခန်းနှင့် ဆေးဝါးများဖြန့် ဝေသည့်အခန်းများတို့ကို အကန့်လိုက်ပြင်ဆင်ထားပြီး မျက်စိခွဲစိတ်ကုသဖို့ လိုအပ်သည့် လူနာများအတွက်လည်း ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်းသိရပြီး တစ်ရက်လျှင် မျက်စိလာရောက် ကုသ ပြသသည့် ဝေဒနာရှင် (၅၀ဝ)ဦးခန့်ရှိကြောင်း သိရသည်။

 

ထို့ပြင် မျက်စိစမ်းသပ်ကြမည့် ရဟန်းရှင် လူအပေါင်းနှင့် မိဘပြည်သူများတို့ကို ချယ်ရီ မေတ္တာဖောင်ဒေးရှင်းက ကွယ်လွန်သူ မိဘများကို အမှုထား၍ ဦးရန်မင်စမ်း+ ဒေါ်ခင်စမ်းမော် မိသားစုတို့က နေ့လည်စာပါ ဒါနပြုကျွေးမွေး သွားမည်ဟုသိရပြီး ကျေးရွာအသီးသီးမှ မျက်စိလာရောက်ပြသသည့် လူနာများ အဆင်ပြေစေရန်အတွက် ကာလဒါနလူမှုကူညီရေး အသင်းတို့က ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)

 

400