နမ့်ဆန် ၁၈ မေ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ပြင်ပမှ ဝင်ရောက်လာသူများအား Community Base Facility Quarantine Centre ထားရှိသောနေရာများတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက ဒိန်းမတ် လူမှုရေးအဖွဲ့အစည်း (DRC-DDG)မှ အသုံးအဆောင်ပစ္စည်းများ လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါပစ္စည်းများ ထောက်ပံ့ပေးရာတွင် ဒိန်းမတ် လူမှုရေးအဖွဲ့အစည်း (DRC-DDG) တာဝန်ခံ စိုင်းရဲမြင့်စိုးနှင့်အဖွဲ့ဝင်(၃)ဦးတို့က ဖျာ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာခင်း စုစုပေါင်း(၁၂၅)ခုတို့အား နမ့်ဆန်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီထံမှတဆင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် လာရောက်ထောက်ပံ့ ပေးခဲ့ကြသည်။ အဆိုပါ ထောက်ပံ့ ပစ္စည်းများကို မြို့နယ် ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်တို့က Community Base Facility Quarantine Centre နတလ စခန်းတွင် သယ်ယူပို့ဆောင်ပြီး Quarantine Centre စခန်းတွင် နေရသူများအား ဖြန့်ဝေပေးသွားမည်ဟု သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)