နမ့်ဆန်  ၃၁ ဇူလိုင်

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မန်မိုင်ရပ်ကွက် အဝင်လမ်းမအား ထပ်ပိုးကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလမ်းပိုင်းသည် နမ့်ဆန်-မန်မိုင်- ကျောက်ဖြူ-မန်နောက်- ကွမ်ဟယ်ကျေးရွာသို့ ဆက်သွယ်ထားပြီး နေ့စဉ် ယာဉ်များဖြတ်သန်းသွားလာ အသုံးပြုနေသည့်လမ်းဖြစ်ပြီး မိုးတွင်းကာလ ရေတိုက်စားမှုနှင့် ကားကြီးများ သွားလာမှုကြောင့် ယခင်ခင်းထားသည့် ကတ္တရာလမ်းများ ပေါက်ပြဲပျက်စီးနေသဖြင့် အကျယ် ၁၂ ပေ၊ ထု ၃ လက်မ၊ အရှည်ပေ(၂၀၀၀)ခန့်ကို  ထပ်ပိုးကတ္တရာခင်းခြင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးပါက လမ်းများပျက်စီးမှုမရှိစေရန်အတွက် ရေမြောင်းများပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)