နမ့်ဆန် ၂၀ မတ်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက်မှစ၍ စာကြည့်တိုက်သို့ လာရောက်မည့် စာဖတ်ဝါသနာရှင်များ၊ စာအုပ်ဌားရမ်းသူများနှင့်ကလေးငယ်များတို့ကို လက်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
စာကြည့်တိုက်တွင် နေ့စဉ်နှင့်အမျှ ဝင်ရောက်လာသည့် ဒေသခံပြည်သူများ၊ စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များတို့က စာအုပ်ဖတ်ရှုခြင်း၊ ဌားရမ်းခြင်း၊ ကလေးစာဖတ်ခန်းသို့ ကလေးငယ်များတို့က လာရောက်၍ ကစားခြင်းဆောင်ရွက်ရာတွင် ရောဂါပိုးကင်းစင်စေရန် စာကြည့်တိုက်အဝင်ဝတွင် လက်ဆေးရည်နှင့်ဆပ်ပြာ အသင့်ထားရှိပြီး လက်ဆေးပြီးမှသာ စာကြည့်တိုက်သို့ ဝင်ရောက်အသုံးပြုရန်နှင့် လက်ဆေးခြင်းနည်းလမ်းကောင်းများအပြင် မိမိအိမ်တွင်လည်း လက်ဆေးကြောခြင်း ဆောင်ရွက်ကြရန် အသိပညာပေးခြင်း၊ COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်ပိုစတာတို့ကို ချိတ်ဆွဲထားလျက်ရှိကြောင်း သိရသည်။
အောင်မိုး(နမ့်ဆန် ပြန်/ဆက်)


