နမ့်ဆန် ဇူလိုင် ၁၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်၊ စီမံကိန်းဝင်ကျေးရွာဖြစ်သော မန်လွယ်ကျေးရွာအုပ်စု ထက်မန်လွယ်နှင် ကောင်းကလော ကျေးရွာအုပ်စု စုံဟင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် 4 unit လက်ဆေးကန် တည်ဆောက်ခြင်းနှင့် လီတာ ၂၀၀၀ ဆံ့ အမြင့်တင်ရေစည် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောက်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်မှ ထက်မန်လွယ်အတွက် နောက်ဆုံးရစ် ထောက်ပံ့ငွေကျပ် ၆၅၂၀၀၀ နှင့် စုံဟင်ကျေးရွာအတွက် ဒုတိယရစ် ထောက်ပံ့ငွေ ကျပ် ၁၆၀၀၀၀၀ ကို စီမံချက်အရာရှိ ဦးဟိန်းထက်စိုးက ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)