နမ့်ဆန် ၆ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်တွင် 2019 Novel coronavirus ရောဂါကြိုတင်ကွယ်ခြင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေနှင့် ကျန်းမာရေးဝန်ထမ်းများတို့က အထက(၁)ကျောင်း ရွှေဖီဦးခန်းမဆောင်၌ ပြုလုပ်သည်။

 

mdn

 

ဟောပြောပွဲတွင် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေက တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ 2019 Novel coronavirus ရောဂါ စတင်ဖြစ်ပွားရခြင်း အကြောင်းအရင်း၊ ရောဂါဖြစ်ပွားရာဒေသမှ မြန်မာနိုင်ငံအပါအဝင် အခြား ကမ္ဘာ့နေရာများသို့ ကူးစက်ပျံ့နှံ့သွားပုံများနှင့် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် မြန်မာနိုင်ငံတွင် အဆိုပါ 2019 Novel coronavirus ရောဂါ ကူးစက်ပျံ့နံ့မှုမရှိအောင် ကြိုတင်ကာကွယ်ခြင်း ပြုလုပ်ထားရှိမှုများကို အသိပညာပေးဟောပြောသည်။

 

ထို့နောက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများတို့က 2019 Novel coronavirus ရောဂါ ကာကွယ်ခြင်းဆိုင်ရာ လက်ကမ်းစာစောင်များကို ကျောင်းသား/ သူများအား ဖြန့်ဝေပေးသည်။

 

2019 Novel coronavirus ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေနှင့် ကျန်းမာရေးဝန်ထမ်းများက အထက(၁)ကျောင်း၊ အလက(၁)ထခွဲကျောင်း၊ အထက(၂)ကျောင်းနှင့် အမေ့အိမ်ကိုယ်ပိုင်ကျောင်း တို့တွင် ကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)