နမ့်ဆန်  ၁၆ ဒီဇင်ဘာ

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက(၁)ရွှေဖီဦး ခန်းမ၌ အခြေခံ ပညာကျောင်းများ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

 

8520

 

သင်တန်းဆင်းပွဲတွင် ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဋ္ဌ ဦးအောင်ကျော်ဦးက ကြက်ခြေနီလုပ်ငန်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအခြေခံ မူ (၇)ချက်နှင့်အညီ လိုအပ်တဲ့ဒေသတွေမှာ ကယ်ဆယ်ရှာ ဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ရင်း ပြည်သူများ ဘေးအန္တရာယ် မကျရောက်စေရန် သဘာဝ ဘေးအန္တရာယ်မှအစ အခြားသော အကူအညီ လိုအပ်သူများ လူမှုဒုက္ခအပေါင်းမှ လူမျိုးဘာသာ မခွဲခြားဘဲ ကူညီဆောင်ရွက် ပေးနေသော အဖွဲ့အစည်း ဖြစ်ပါကြောင်း ပြောကြားသည်။

8965

 

ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။

 

485

 

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသား/သူများ ကြက်ခြေနီ  သူနာပြု တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ကျောင်းအသီးသီးမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

8592

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)