နမ့်ဆန် ၂၆ ဇွန်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ယနေ့တွင်ကျ​ရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌန (ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၆)ကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ ဌာနဆိုင်ရာ ရုံးပေါင်းစုံရှေ့၊ ရပ်ကွက်နေပြည်သူများနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် Grade-7 သင်တန်းတက်ရောက်နေကြသော ဆရာ/ဆရာမများတို့ထံ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

 

အဆိုပါဖြန့်ဝေပေးသည့် လက်ကမ်းစာစောင်တွင် “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လားရှိုးမြို့ဒေသခံ မိဘပြည်သူများနှင့် တွေ့ဆုံစဉ် မှာကြားချက်များမှ ကောက်နုတ်ချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်စေနိုင်သော ဆိုးကျိုးများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာပေးကဗျာ၊ ကာတွန်းနှင့် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန၏ သတင်း၊ တိုင်ကြားရေးဌာန၏ ဆက်သွယ်နိုင်သည့် သီးသန့်တယ်လီဖုန်းနှင့် သီးသန့်အီးမေလ် လိပ်စာများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်များ” စသည့်အကြောင်းအရာများပါဝင်ပြီး ရပ်ကွက်နေ မိဘပြည်သူများနှင့် လူငယ်လူရွယ်များအား မှတ်သားလိုက်နာ ဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခဲ့သည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)