နမ့်ဆန်၌ ကားတိမ်းမှောက်မှုဖြစ်ပွား၍ (၁)ဦးသေ (၅)ဦးဒဏ်ရာရရှိ

နမ့်ဆန် ၁၆ ဖေဖော်ဝါရီ


ယနေ့မွန်းလွဲ (၃)နာရီခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အနောက်ဘက် နမ့်ဆန်-မန်တုံ ကားလမ်းပေါ် ယာဉ်မောင်း အန်ကျင်း မောင်းနှင်လာသော ယာဉ်အမှတ် 8K-XXXX သည် နမ့်ဆန်မြို့တွင်းမှအပြန် မိုင်တိုင် ၃၂ မိုင် ၁ ဖာလုံတွင် ရှေဝဲဘက်ကားဘီးပေါက်၍ လမ်းအောက် ချောက်ထဲသို့ ထိုးကျသွားကြောင်း သိရသည်။
    

အဆိုပါကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါ ဒေါ်နီလာ အသက်(၄၅)နှစ်မှာ ဒဏ်ရာရရှိ၍ အဆိုပါနေရာတွင် သေဆုံးခဲ့ပြီး မောင်ကန်ချာ အသက်(၈)နှစ်၊ ဒေါ်အေးဟိန်း အသက်(၆၂)နှစ်၊ မစီသာ အသက်(၁၀)လ၊ ဒေါ်အေးရှန် အသက်(၄၂)နှစ်၊ ဒေါ်ခင်မြ အသက်(၄၀)နှစ်တို့မှာ အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
    

ကားတိမ်းမှောက်မှု ဖြစ်ပွားရာသို့ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များမှ ဂရုဏာရှင်ကားဖြင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသော ဒေါ်နီလာအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


ဦးအောင်မိုး (နမ့်ဆန် ပြန်/ဆက်)