နမ့်ဆန် ၂ အောက်တိုဘာ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက(၁)ကျောင်း ရွှေဖီဦးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များတို့က ကျောင်းသား/သူများအား နိုင်ငံသား မှတ်ပုံတင်ကတ်များကို ယနေ့နံနက် (၉)နာရီက အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းက နိုင်ငံသား မှတ်ပုံတင် ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဒေသဦးစီးအလုပ်အမှုဆောင် ဦးသိန်းဇော်နှင့် တာဝန်ရှိပဂ္ဂိုလ်များတို့က အခြေခံပညာကျောင်း (၅)ကျောင်းရှိ အသက်(၁၀)နှစ်ပြည့် ပြီးသူ (၃၂၀)၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၃၃၉)ဦးတို့၏ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားအား ပေးအပ်ရာ တာဝန်ခံ ဆရာ/ဆရာမများတို့က လက်ခံရယူသည်။
ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်း၊ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးအောင်ကျော်ဦး၊ မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းကြည်နှင့် ကျောင်းတာဝန်ခံ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများတို့က တက်ရောက်ခဲ့သည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)


