နမ့်ဆန်၌ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အလှူငွေနှင့် နှာခေါင်းစည်း(Mask)များ လှူဒါန်း

နမ့်ဆန်    ၁     ဧပြီ 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်−၁၉ ထိန်းချုပ်ကာကွယ်ကုသနိုင်ရေးအတွက် အလှူငွေနှင့် Mask များကို ယနေ့နံနက် ၉ နာရီက အလှူရှင်များက မြို့နယ်ကုသရေး ဦးစီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

a

 

ကိုဗစ်−၁၉ ရောဂါကို ထိန်းချုပ်ကာကွယ်ခြင်းပြုလုပ်နိုင်ရန် Royal electric ကုမ္ပဏီ ရန်ကုန်မြို့မှ နှာခေါင်းစည်း(Mask) ခုရေ ၅၀ဝ ၊ မြသင်းကြူကုမ္ပဏီ လာရှိုးမှ နှာခေါင်းစည်း(Mask) ခုရေ ၅၀ဝ၊ မန်ကန်သူလေး မူဆယ်မြို့မှ နှာခေါင်းစည်း(Mask) ခုရေ ၅၀ဝ၊ နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ UV Lamp တစ်စုံ၊ ဦးစိုင်းသိန်းအောင်+ဒေါ်နီလာအေး မိသားစု ကျွဲဆည်ကန်(မန္တလေးမြို့)မှ PPE ဝတ်စုံ (၁၀)စုံနှင့် ဦးမြင့်ချင်း+ဒေါ်မြမြဝင်း (MC.မိသားစု လက်ဖက်လုပ်ငန်း)တို့က PPE ဝတ်စုံ(၁၅)စုံအတွက် ကျပ်(၃)သိန်း၊ ဦးဇော်ဝင်း+ဒေါ်မော်မော်ထွေး မိသားစုမှ ကျပ်(၂)သိန်းတို့ကို ပေးအပ်လှူဒါန်းပြီး အလှူငွေနှင့် အလှူပစ္စည်းများကို မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေက လက်ခံရယူသည်။

 

a

 

ထို့ပြင် နမ့်ဆန်မြို့နယ် လောကပါလ ဘာသာပေါင်းစုံလူမှုကူညီရေးအသင်းသားများတို့က ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နယ်ဝေးမှနေ့စဉ်ဝင်ရောက်လျှက်ရှိသည့် ခရီးသည် များအား စစ်ဆေးကြပ်မတ်နိုင်ရန် နေ့စဉ်တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ကို  နေ့စဉ်နံနက်စာနှင့် နေ့လယ်စာအတွက် ဒါနပြု အာဟာရကျွေးမွေး ပေးခဲ့ကြ ကြောင်းသိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)