နမ့်ဆန် ၁၆ မတ်
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် ၉ နာရီက ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ စာဖြေဆိုနေစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှုရှိပါက ချက်ချင်းကူညီ စောင့်ရှောက်မှု ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ် နမ့်ဆန်စာစစ်ဌာန၌ ဖြေဆိုသူပေါင်း ၈၃၈ ဦးခန့်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးဝင်းကျော်က လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)



