နေပြည်တော် ၁၈ ဧပြီ
ယနေ့ ညနေ ၅ နာရီ ၃၇ မိနစ်တွင် နမ့်စန်မြို့၏ အရှေ့တောင်ဘက် (၃၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၀.၄၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.ဝ၂) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
MDN