နမ့်စန် ၁၂ သြဂုတ်

သြဂုတ်  ၁၀ ရက် မြန်မာစံတော်ချိန် နံနက် ၄ နာရီ  ၁၃ မိနစ်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၉) မိုင်ခန့်အကွာတွင် မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ မြေငလျင်သည် နမ့်စန်မြို့၏ အရှေ့တောင်ဘက် (၄၁) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၀.၅၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၂၁)ဒီဂရီ၊ အနက် (၂၇) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

MDN