နေပြည်တော်၊  ၁၈ ဒီဇင်ဘာ

နမ့်စန်မြို့နယ်၊ ခိုလမ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင်  ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု၊ ကောင်းဟောင်ကျေးရွာနေ စံဒေဝါ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၅၀ နှင့် အိုက်စ် ၂ ဒသမ ၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။ သို့ဖြစ်၍  စံဒေဝါ(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား