နမ့်စန်(တ) ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ သိန်း ၅၀ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၌ ကျင်းပခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် အောက်ဆီဂျင် စက်တစ်လုံးတပ်ဆင်ရာတွင် အသုံးပြုနိုင်ရေးအတွက် အမှတ်(၁) ရပ်ကွက်နေ ဦးကေဒါန်နတ်(ခ)ဦးစိုးဝင်း+ဒေါ်ရေခါးဒေဝီ (ရွှေနှင်းဆီ ကားပစ္စည်းရောင်းဝယ်ရေးမိသားစု) မှ ငွေကျပ် သိန်း ၅၀ အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ် ၇ ခုနှင့် မြို့ ၅ ခုရှိပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်စက် ၁ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၁၅၀၀ )ကို နမ့်စန်မြို့နယ်တွင် ဝယ်ယူတည်ဆောက်မည်ဖြစ်ပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကျပ်သိန်း ၉၀၀ မတည်ထောက်ပံ့ပေးမည်ဖြစ်ကာ စက်အတွက်လိုအပ်သည့်ငွေနှင့် သယ်ယူပို့ဆောင်ရေး၊ စက်ရုံအဆောက်အဦ ဆောက်လုပ်ရေးနှင့် အခြားလိုအပ်သည်တို့အတွက် စေတနာရှင်အလှူရှင်များက နမ့်စန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်းလျက်ရှိပြီး ယနေ့အထိ စုစုပေါင်း လှူဒါန်းငွေ ငွေကျပ် ၂၁၅ သိန်း လက်ခရရှိပြီဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


