နေပြည်တော် ဒီဇင်ဘာ ၂၄
နမ့်စန်မြို့နယ်၊ နားပွဲကျေးရွာအုပ်စုနှင့် ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ အုပ်စုတို့ကို ဆက်သွယ်ထားသည့် မြေသားလမ်း ၁၄ မိုင်အနက် ၁၁ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ လမ်းတာချဲ့ခြင်းလုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေး ပြည့်ဝစွာဆောင်ရွက် ပြီးစီးနိုင်ရေးကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် ယနေ့ ကွင်းဆင်းစစ်ဆေး ကြပြီး ယင်းလမ်းပိုင်းသည် နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ ပြည်သူ ၁၄,၁၈၉ ဦးတို့၏ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


