နမ့်စန်(တ)၊ ၁ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများကို နမ့်စန် တပ်နယ်မှူးနှင့် မြို့နယ်မှ တာဝန်ရှိသူများက ဇွန် ၁ ရက် နံနက် ၉ နာရီခွဲတွင် လိုက်လံကြည့်ရှု အားပေး၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် ၅ ခုရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနေမှုအခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ်၌ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာကျောင်း ၁၂၈ ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၁၁၀၀၀ ကျော် တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


