နမ့်စန်(တ) မေ ၂၅ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ မေ ၂၃ ရက်မှစ၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုများကို မေ ၂၅ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးသည်။ 

 

မြို့နယ်အဆင့် တာဝန်ရှိသူများက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများက ကျောင်းအပ်လက်ခံနေမှု၊ ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ အခမဲ့ထုတ်ပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

နမ့်စန်မြို့နယ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာကျောင်း ၁၂၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း သုံးကျောင်း စုစုပေါင်း ၁၃၃ ကျောင်းရှိပြီး မေ ၂၄ ရက်အထိ ကျောင်းအပ်နှံမှုစာရင်းအရ လာရောက်အပ်နှံသော ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၅၆၆ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

 

သူရအောင်(ပြန်/ဆက်)