နမ့်စန်(တ) နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အထက (နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(နမ့်စန်)မှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဖတ်ကြားခဲ့သည်။
ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်း စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက ဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)