နမ့်စန်  ၂၂  ဇူလိုင်

 

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ များက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ဝမ်ပုံကျေးရွာရှိ အသားအရောင်းဆိုင်များ နှင့် မြို့နယ်ယာယီပျံကျစျေးရှိ အသားအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။

 


ထိုသို့စစ်ဆေးရာတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဝင်းဝင်းထွေးနှင့် ပူးပေါင်း အဖွဲ့ဝင်များက သန့်ရှင်းလတ်ဆတ်သော အသားများကို ရောင်းချစေရေးပညာပေးခြင်း၊ အာဖရိကဝက်အပြင်းဖျား ရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ သေဆုံးသောဝက်များအား ရောင်းချခြင်း မပြုလုပ်ရန်နှင့် အများပြည်သူစားသုံးရန် ရောင်းချနေသောအသားများကို လုံခြုံစိတ်ချရသော အသားများဖြစ်စေရန်အတွက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အများပြည်သူစားသုံးရန်မသင့်သည့် အသားများကို သိမ်းဆည်း၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

 

သူရအောင်(ပြန်/ဆက်)