နမ့်စန်(တ) ၂၁    ဧပြီ

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို  အထက (နမ့်စန်)ကျောင်း၌ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်၍ ဧပြီလ ၂၁ ရက် နံနက် ၈ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

နမ့်စန်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၈၅၀ ကျော်ရှိပြီး ပင်စင်လစာ ထုတ်ယူမှု အများဆုံးရက် ဖြစ်သည့် ဧပြီ ၂၁ ရက် နှင့် ၂၂ ရက်တို့ကို နေရာကျယ်ဝန်းပြီး သွားလာမှုအဆင်ပြေသည့် အထက (နမ့်စန်)ကျောင်းတွင်  နံနက် ၈ နာရီမှ ညနေ ၃ နာရီ ထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်ရက်များတွင် ပုံမှန်အတိုင်း မြန်မာ့စီးပွားရေးဘဏ်တွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း   သိရသည်။

 

3007

 

မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ပင်စင်လာရောက်ထုတ်ယူသည့် မိဘပြည်သူများကို အဝင်ဝတွင် လက်ဆေး နိုင်ရန်စီစဉ်ပေးခြင်း ၊ ကိုယ်အပူချိန်တိုင်းပေးခြင်း ၊ Mask မပါသူများကို Mask များဖြန့်ဝေပေးခြင်း ၊ အဆင်ပြေချောမွေ့စွာ ငွေထုတ်ယူနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)