နမ့်စန်(တ)  ၁၉    ဇွန်

 

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို လူစုလူဝေးမဖြစ်ပေါ်စေဘဲ စနစ်တကျ ထုတ်ယူနိုင်ရန်အတွက် ဇွန်လ ၂၂ ရက်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် သတ်မှတ်ရက်များအလိုက်ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

 

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်၍ ဇွန်လ ၂၂ ရက်နေ့တွင် အမှတ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အငြိမ်းစားဝန်ထမ်း များကိုလည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်ရှိ အငြိမ်းစားဝန်ထမ်း များကိုလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်ရှိ အငြိမ်းစားဝန်ထမ်း များကိုလည်းကောင်း နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီအထိ ပင်စင်လစာများ အသီးသီး ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် နမ့်စန်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်း ၈၀၀ ကျော်ရှိကြောင်း မြို့နယ် ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေး ထံမှ သိရသည်။

 

 

သူရအောင်(ပြန်/ဆက်)

222