နမ့်စန်၊    ၆  ဇန်နဝါရီ

 

ရှမ်းပြည်နယ်တောင်ပိုင်း  လွိုင်လင်ခရိုင်  နမ့်စန်မြို့နယ်တွင် မြို့နယ်အတွင်းရှိ စက်မှုလက်မှု လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးအမြတ်အခြေအနေများကို အနီးစပ်ဆုံး ခန့်မှန်း တွက်ချက်နိုင် ရေးအတွက် စစ်တမ်းကောက်ယူခြင်းကို မြို့နယ်စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများက ဇန်နဝါရီ  ၆ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

မြို့နယ်စီမံကိန်းဦးစီးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတေဇာလင်းနှင့် ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက်ရှိ အောင်သစ္စာ သောက်ရေသန့်လုပ်ငန်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ ဦးစိုင်းကျော်ဦး၏ ဆန်စက်နှင့် ဆီကြိတ်စက် လုပ်ငန်းများသို့ သွားရောက်၍ စက်မှုလက်မှုကဏ္ဍ စစ်တမ်းပုံစံများဖြင့် ကွင်းဆင်း ကောက်ယူခဲ့ပြီး အဆိုပါ စစ်တမ်းကောက်ယူနေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေးနှင့် မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးတို့က ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)