နမ့်စန် ၅ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေးဦးစီးကော်မတီမှ တာဝန်ရှိသူများက မေ ၄ ရက် ညနေပိုင်းက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆန်၊ ဆီနှင့် ကြက်ဥများ လှူဒါန်း၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် Covid-19 ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီမှ တာဝန်ရှိသူများက ကော်မတီနှင့် မြို့နယ်မှ အလှူရှင်များ လှူဒါန်းထားမှုများကို ဧပြီ ၄ ရက်တွင် ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းနှင့် ဧပြီ ၅ ရက်တွင် ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း စုစုပေါင်း ၂၆ ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်များအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ Mask ၊ Hand wash spray၊ Hand gel များ ထောက်ပံ့လှူဒါန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေးစမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)


