နမ့်စန်(တ) ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျှက်ရှိရာ နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ကြက်ခြေနီအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ဇူလိုင်လ ၉ ရက်အထိ လူဦးရေ ၃၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးပြီ ဖြစ်ပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် နိုင်ငံ့ဝန်ထမ်း ၂၅၀ ဦးကို ယနေ့ ဇူလိုင်လ ၁၀ ရက်တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


