နမ့်စန် ၆ ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ပထမအကြိမ်ထိုးနှံခြင်းကို မြို့နယ် ပြည်သူ့ဆေးရုံတွင် ဇွန် ၆ ရက် နံနက် ၉ နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ကြက်ခြေနီအဖွဲ့နှင့် လူမှုကူညီရေး အသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ဇွန် ၅ ရက်အထိ လူဦးရေ ၃၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ပြီး ဇွန် ၆ ရက်တွင် နိုင်ငံ့ဝန်ထမ်း ၂၅၀ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)