နမ့်စန်(တ) ၁၄ မေ
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ရှမ်းစာပေနှင့်ယာဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်း အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းထူးခွန်ဆုများချီးမြှင့်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ မှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများ ပေးအပ်ခဲ့သည်။
ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းကို အမှတ်(၁)ရပ်ကွက်တွင် မတ်လ ၁၈ ရက်နေ့ မှ မေလ ၈ ရက်နေ့အထိ သင်ကြားပို့ချခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းရှိ သင်တန်းသားသင်တန်းသူ ၁၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)