နမ့်ခမ်း ၁၀ မေ
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဝိန်းဆာရပ်ကွက်မှ ဦးအိုက်ယီ၏ စက်သုံးဆီ သိုလှောင်ဂိုဒေါင်၌ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးစတင်လောင်ကျွမ်းသည့် အကြောင်းရင်းများနှင့် ဆုံးရှုံးသည့် တန်ဖိုးမသိရသေးပါ။ မီးစတင်လောင်ပြီး ယခုမွန်းလွဲ ၂ နာရီ အချိန်အထိ မီးသတ်ကားများ (၁၂) စီးလာရောက်ငြှိမ်းသတ်ခဲ့သော်လည်း မီးညွှန့်မကျိုးနိုင်သေးကြောင်း သိရှိရကြောင်း ကနဦးသတင်းရရှိသည်။
ဆိုင်ထွန်း (နမ့်ခမ်း)
