နမ့်ခမ်း ၂၈ ဇွန်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန် (၂၈) ရက် နံနက်ပိုင်းက နွေစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပရာ ယခင်နှစ်များထက် စပါးအထွက်နှုန်း ကောင်းမွန်လာကြောင်း သိရသည်။

 

“ဒီနေ့ တောင်သူဦးစိုင်းအိုက်ရဲ့ လယ်မြေမှာ ( ဒသမ ၁၀ ဧက ) စံကွက်ကို ရိတ်သိမ်းတဲ့အချိန်မှာ တစ်ဧကမှာ နွေစပါး ( ၂၀၇ ဒသမ ၁၆ ) အစိုတင်း ထွက်ရှိပါတယ်။ လယ်သမားတွေက စိုက်ပျိုးရေး ဦးစီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း စိုက်ပျိုးရေးစနစ် မှန်မှန်ကန်ကန် စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာတွေကို အချိန်မှန် အချိုးညီ ထည့်သွင်းအသုံးပြုတဲ့အတွက် လယ်စပါး အထွက်နှုန်းဟာဆိုရင် တစ်နှစ်ပြီးတစ်နှစ် အထွက်နှုန်း ပိုမိုတိုးတက်လာပါတယ်” ဟု နမ့်ခမ်းမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဦးက နွေစပါးစံကွက် တစ်နှစ်ပြီးတစ်နှစ် အထွက်နှုန်း ပိုမိုတိုးတက်လာကြောင်းကို ပြောသည်။

 

mdn

 

နွေစပါးစံကွက် ရိတ်သိမ်းပွဲသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြပြီး နမ့်ခမ်းမြို့၊ တောင်သူများက နွေစပါးစိုက်ဧက စုစုပေါင်း (၂၉၁၅ ဧက) စိုက်ပျိုးထားကြောင်းသိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)