နေပြည်တော် ၃ မတ်
မတ် ၂ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ထိ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် ပန်းဆေးကျေးရွာအနီး၌ အမြင့်(၁)ပေခန့်ရှိဘိန်းစိုက်ခင်း (၁)ဧကခန့်အား ပန်းဆေးနယ်မြေရဲစခန်းမှ ရဲအုပ် ဝင်းမြင့် ဦးစီးပူးပေါင်းအဖွဲ့က မတ် ၂ ရက်မွန်းလွဲပိုင်းက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN