နမ့်ခမ်း   ဇူလိုင်   ၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၁၀)ရွာမှ ကျေးရွာဖွံဖြိုးရေးကော်မတီဝင်များအား စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေး ဆွဲနည်း(AVIP) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေး ရုံးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ သင်တန်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း နည်းလမ်းများ၊ ကျေးရွာသယံ ဇာတနှင့် ရာသီခွင်ပြမြေပုံရေးဆွဲနည်းလမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(AVIP)နှင့် ပတ်သက်သော ငွေစာရင်း ဇယား ဖြည့်သွင်းနည်းလမ်းများ၊  စီမံကိန်းလုပ်ငန်းရွေးချယ် နည်းလမ်းများကို သင်ကြားပို့ချကြသည်။

 

အဆိုပါသင်တန်းကို နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀) တို့တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် ငါးရက်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်