နမ့်ခမ်း အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ် ပထမ(၆)လဘတ်ဂျက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာမှ ကျေးရွာဖွံဖြိုးရေးကော်မတီဝင်များအား စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲနည်းသင်တန်းကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးက သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်မိုးနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက သင်တန်းတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း နည်းလမ်းများ၊ ကျေးရွာသယံဇာတနှင့် ရာသီခွင်ပြမြေပုံရေးဆွဲနည်းလမ်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(AVIP)နှင့် ပတ်သက်သော ငွေစာရင်းဇယား ဖြည့်သွင်းနည်းလမ်းများ၊ စီမံကိန်းလုပ်ငန်းရွေးချယ် နည်းလမ်းများကို သင်ကြားပို့ချမည်ဖြစ်သည်။
အဆိုပါသင်တန်းကို နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်မည့် လွယ်လင်ကန်၊ နမ့်မ၊ စံလောင်းနှင့် နောင်အန်ကျေးရွာ(၄)ရွာမှ ကော်မတီဝင် ရှစ်ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် လေးရက်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


