နမ္မတူ၁  ဇွန်

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်ရှိ နမ္မတူချောင်းအတွင်း၌ ယနေ့ မွန်းတည့် ၁၂ နာရီက အမျိုးသားနှစ်ဦး ရေဆင်းကူးရာမှ နှစ်ဦးစလုံး ရေနစ်မြုပ် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့မွန်းတည့် ၁၂ နာရီခန့်က နမ္မတူမြို့နယ် နမ္မတူချောင်းရှိ (၃၂)မိုင်တံတားအနီး ရေလယ်ကျွန်းတွင် ရေဆင်းကူးကြသော အမျိုးသားနှစ်ဦးအနက် မောင်မျိုးကျောင်အောင်မှာ ရေစီးနှင့် မျောပါသွားသဖြင့် မောင်ချမ်းငြိမ်းအောင်မှ လိုက်လံဆယ်ယူရာ နှစ်ဦးစလုံး ရေနစ်မြုပ် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါအမျိုးသား (၂)ဦး ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ နမ္မတူမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)