နမ္မတူ ၁၂  မေ

 

ကျေးလက်ကျန်းမာရေးဌာနခွဲမှ ပြည်သူလူထုအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ပြည်သူတွေကိုင်တိုင် ပါဝင်ဆောင်ရွက်တတ်စေရေးနှင့် ကျန်းမာရေး အသိပညာများရရှိစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာ၊ သိရိမင်္ဂလာရပ်ကွက်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျားစခန်းကျေးလက်ကျန်းမာရေးဌာနခွဲမှ ဒေါ်ဆုဆုဝေအောင် (ဘက်စုံသားဖွား ဆရာမ)နှင့် ဝန်ထမ်းတစ်ဦးက ဘော်တွင်းကျေးရွာ၊ သီရိမင်္ဂလာရပ်ကွက်ရှိ နေအိမ်များသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)