နမ္မတူ ၁ မေ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ဆိုင်ဂျာကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျှင် ခံစားရသော ရောဂါလက္ခဏာများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆော်ဩချက်များအား အသိပညာပေး ရှင်းလင်းပြောကြားပြီး ရေမလို လက်သန့်ဆေးရည်အသုံးပြုကာ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဗွီနိုင်းကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


