နမ္မတူ နိုဝင်ဘာ ၂၆
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်း ခြောက်ခု၊ ကျောက်စီရေမြောင်း နှစ်ခု၊ ကွန်ကရစ်တံတား သုံးစင်းနှင့် ဂါလန် (၁၅၀၀၀)ဆံ့ ရေကန်တစ်ကန် တည်ဆောက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ပေးမည်ဖြစ်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက တင်ပြထားသည့် လုပ်ငန်းများထဲမှ ဦးစားပေးဆောင်ရွက်ရန် ရွေးချယ်ထားသည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဖြစ်သည့် ပန်ဟိုက်ရပ်ကွက် (၈)ရှိ ရေကန်လမ်း အရှည်ပေ(၃၉၀)၊ အကျယ်(၁၀)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ မဟာဘုံကျောင်းလမ်း အရှည် ပေ(၃၂၀)၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက် ရပ်ကွက် (၆)ရှိ မြို့လယ်ကျောင်းလမ်း အရှည်ပေ(၁၅၀)၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက် ရပ်ကွက် (၅)ရှိ ကုန်သွယ်လယ်ယာ လမ်း အရှည် (၃၆၅)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မရှိလမ်း၊ ပန်ဟိုက်ရပ်ကွက် (၄)ရှိ ဓမ္မာရုံနောက်ကျောလမ်း အရှည်ပေ (၁၀၀)၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မ ရှိလမ်း၊ မန်စံကျေးရွာရှိ အရှည် (၁၄၅)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၆)လက်မ လမ်း၊ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းဖြစ်သည့် ပန်ဟိုက်ရပ်ကွက် (၃)နှင့် (၆)အကြားရှိ ဂန္ဓမာလမ်း အရှည် (၉၅)ပေ၊ အကျယ် ၂ပေ ၆လက်မ၊ အမြင့် (၃)ပေ ရေမြောင်းတစ်ခု၊ ပန်ဟိုက်ရပ်ကွက် (၉)ရှိ ရေကန်တောင်လမ်း အရှည် (၁၅၅)ပေ၊ အကျယ် ၂ပေ ၆လက်မ၊ အမြင့် (၃)ပေ ရေမြောင်းတစ်ခု၊ ကွန်ကရစ်တံတား ပြုလုပ်ခြင်းလုပ်ငန်းဖြစ်သည့် ပန်ဟိုက်ရပ်ကွက် (၃)နှင့် (၆)အကြားရှိ ဂန္ဓမာလမ်း အရှည် (၃၅)ပေ၊ အကျယ် (၃)ပေ၊ အမြင့် (၃)ပေ တံတားတစ်ခု၊ ပန်ဟိုက်ရပ်ကွက် (၇)ရှိ ခတ္တာလမ်း အရှည် (၃၈)ပေ၊ အကျယ် (၃)ပေ၊ အမြင့် (၃)ပေ တံတားတစ်ခု၊ ပန်ဟိုက်ရပ်ကွက် (၃)ရှိ ကုန်းသာလမ်း အရှည် (၁၆)ပေ၊ အကျယ် (၂)ပေ၊ အမြင့် (၂)ပေ တံတားတစ်စင်းနှင့် ပန်ဟိုက်ရပ်ကွက် (၇)ခုအား ရေပေးဝေနိုင်ရေးအတွက် ရေဂါလန် (၁၅၀၀၀)ဆံ ရေစုကန် အလျား (၂၀)ပေ၊ အနံ (၁၅)ပေ၊ အမြင့် (၈)ပေ တည်ဆောက်ခြင်း စသည့်စုစုပေါင်းလုပ်ငန်း (၁၂)ခုတို့အတွက် ငွေကျပ် (၇၁.၄)သန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)