နမ္မတူ   ၂၉  မေ 

 

နမ္မတူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် နမ္မတူမြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းတို့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဝိန်းနန်ကျေးရွာအုပ်စု ဝိန်းနန်ကျေးရွာ ကုန်ထုတ်လမ်း (၁/၆)မိုင်၊ ကွန်ကရစ်တံတား (၁)စင်း၊ ကွန်ကရစ်ရေပြွန် (၂)စင်း၊ မန်ဝါ၊ ကွန်ကျောင်း၊ လုပ်လေ၊ မန်ဆာအွမ်၊ နောင်အော၊ ပန်းတောင်း၊ မန်ဆာလုံစသည့် ရေပေးရေး ကျေးရွာ (၇)ရွာအနက် ကွန်ကျောင်း၊ နောင်အော (၂)ရွာ၊  နမ္မတူ မြို့နယ်ရှိ (၂)ထပ်သံကူ ကွန်ကရစ် ရုံးအဆောက်အဦ(၁)လုံးနှင့် VDP စီမံကိန်းဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်း (၁၃)ခုအနက် (၃)ခုတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ လုပ်ငန်းများကို တင်ဒါအောင်မြင်ခဲ့သော လွယ်ဟိန်းခန်းကုမ္ပဏီနှင့် ရွှေနမ္မတူအုပ်စုကုမ္ပဏီ အသီးသီးတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့ရာ ကျောက်မဲခရိုင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့်အဖွဲ့မှ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)