mdn

နမ္မတူ         ၁၂    ဇူလိုင်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဇူလိုင် (၆)ရက် ညပိုင်းတွင် နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၅)ရှိ  ဝါယာရှောခ့်ဖြစ်ကာ မီးလောင်ပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၅)ရှိ မီးဘေးသင့်ပြည်သူနေအိမ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ်မီးတပ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူ များက မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် (၂၀၀၀၀၀)၊ လူဦးရေ (၃)ဦးအတွက် ဆန်ဖိုးရိက္ခာငွေကျပ် (၆၃၀၀)နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုးပါ ပလတ်စတစ်ပုံး (၁)ပုံးအား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)