နမ္မတူ ၂၀ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး တတိယအကြိမ်မြောက် ပိုးသတ်ဆေးဖျန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ယာယီအမှတ် (၃) လှုပ်ရှားစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ရဲနောင်ထွန်းဦးစီးနှင့်အဖွဲ့သည် နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်သော အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်း (၁၈) ဦးအား ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကြက်ဥအလုံး (၂၀၀) ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)