နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

နမ္မတူ   ဒီဇင်ဘာ   ၇

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ ပန်လုံကျေးရွာအုပ်စုရှိ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု၊ ပန်လုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အိမ်ထောင်စု လူဦးရေစာရင်း ၂၁ စု၊ နိုင်-၃ (က) လျှောက်ထားသူ ၅၇ ဦး၊ နိုင်-၆ (က) လျှောက်ထားသူ ၄၀၊ နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်လျှောက်ထားသူ လေးဦးနှင့် နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံး/ပျက်စီး လျှောက်ထားသူ ခုနစ်ဦး စုစုပေါင်း ၁၀၈ ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံမှ သိရသည်။

 

လူမော် (ပြန်/ဆက်)