နမ္မတူ   ၂၇ နိုဝင်ဘာ

 

UNICEF (မြန်မာ)မှ  အသက်ငါးနှစ်အောက် ကလေးငယ်များအား စာအုပ်/စာပေ ချစ်မြတ်နိုးလာစေရန်၊ တိုင်းရင်းသား ကလေးငယ်များအနေဖြင့် မိခင်ဘာသာစကား တတ်မြောက်မှု မြှင့်တင်ရန်နှင့် ရုံးသုံးဘာသာ စကားဖြစ်သော  မြန်မာစာပေ၊ မြန်မာစကားများကို လေ့လာရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ကလေးစာပေ တိုင်းရင်းသားပုံပြင် (၂၅)မျိုးကို တစ်ဘာသာလျှင် (၁၀)အုပ်နှုန်းဖြင့် အုပ်ရေ (၂၅၀) အုပ်အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အတွက် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် (အခမဲ့) ပေးပို့လှူဒါန်းခဲ့ရာ နမ္မတူမြို့ နယ်တွင်းရှိ မည်သူမဆို နမ္မတူမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ အသင်းဝင်၍ (အခမဲ့) လာရောက် ငှားရမ်းဖတ်ရှု နိုင်ကြောင်း သိရသည်။

 

2

 

လူမော် (ပြန်/ဆက်)