နမ္မတူ ၁၉ မေ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ အသက် (၂)လမှ (၁)နှစ်ခွဲအတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို မေ ၁၉ ရက်မှ ၂၉ရက်အထိ နေ့စဉ် နံနက် (၉)နာရီမှ (၁၂)နာရီအချိန်အတွင်း ဒေါ်နန်းမိုဟွမ် (အမျိုးသမီးကျန်းမာရေးဆရာမ)၊ ဒေါ်ဥမ္မာလတ်၊ ဒေါ်ကြည်ပြာလင်း၊ ဒေါ်အောင်ဆုကြည် (ဘက်စုံသားဖွားဆရာမ)နှင့် ဝန်ထမ်းတစ်ဦးက ဆောင်ရွက်ပေးလျက်ရှိပြီး တစ်ရက်လျှင် အများဆုံး ကလေးဉီးရေ ၅၀ နှုန်း ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)