နမ္မတူ ဩဂုတ်  ၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ (၅၁)သိန်းကျော်တန်ဖိုးရှိ အောက်ဆီဂျင်စက် (၃)လုံး ပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ဝင်းမြင့်မိုရ်ကုမ္ပဏီမှ စီမံကိန်းညွှန်ကြားရေးမှူး ဦးသံလွင်မြင့်၊ အထွေထွေမန်နေဂျာ ဦးနေမျိုးနှင့် BJV ကုမ္ပဏီမှ ဦးဝင်းနိုင်တို့က (၅၁)သိန်းကျော်တန်ဖိုးရှိ အောက်စီဂျင်စက် (၃)လုံးအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)