နမ္မတူ ၂၉ ဇူလိုင်

 

နမ္မတူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၂၈ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့်၊ တာဝန်ခံကျောင်းအုပ်များနှင့် ဝန်ထမ်းများက နားဆိုင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများနှင့် အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးကာ အားပေးစကား ပြောကြားခဲ့သည်။

 

အလားတူ မန်စံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ လည်းကောင်း၊ ပန်လုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား Social Distancing နှင့်အညီ ပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

လူမော်(ပြန်/ဆက်)